သုတ္တံကျမ်း။ 28:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။ Ver CapítuloCommon Language Bible1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။ Ver CapítuloGarrad Bible1 လူ ဆိုး တို့ သည်၊ လိုက် လံ သူ မ ရှိ ဘဲ ပြေး တတ် ကြ၏။ ဖြောင့် မတ် သူ တို့ မူ ကား၊ ခြင်္သေ့ ကဲ့ သို့ ရဲ ရင့် တတ် ကြ၏။ Ver CapítuloJudson Bible1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ Ver Capítulo |
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။