Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 27:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိဉာဏ်​နည်းပါး​သော​သူ​သည် ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

12 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

Ver Capítulo Copiar

Garrad Bible

12 လိ မ္မာ သော သူ သည်၊ ဘေး ကို မျှော် မြင်၍ ပုန်း ရှောင် တတ်၏။ မ လိ မ္မာ သော သူ တို့ မူ ကား၊ သွား မြဲ သွား၍ ဒဏ် ခံ ရ၏။

Ver Capítulo Copiar

Judson Bible

12 သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မြော်​မြင်၍၊ ပုန်း​ရှောင်​လျက် နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 27:12
12 Referencias Cruzadas  

ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိပညာ​နည်းပါး​သော​သူ​မူကား ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။


ငါ့​သား​၊ ဉာဏ်ပညာရှိ​လော့​။ ငါ​၏​စိတ်နှလုံး​ကို​လည်း ဝမ်းမြောက်​စေ​လော့​။ သို့ပြုလျှင် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​အား တုံ့ပြန်ပြောဆို​နိုင်​လိမ့်မည်​။


သူစိမ်း​အတွက် အာမခံ​သော​သူ​၏​အဝတ်​ကို ယူထား​လော့​။ ကိုယ်ကျင့်တရားပျက်ပြား​သော​မိန်းမ​အတွက် အာမခံ​သော​သူ​ထံမှ အပေါင်ပစ္စည်း​ကို​ယူ​ထား​လော့​။


သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။


နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။


ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။


ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos