Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 26:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 တွင်း​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​လိမ့်မည်​။ ကျောက်တုံး​ကို​လှိမ့်​သော​သူ​သည် သူ့​အပေါ်​သို့ ထို​ကျောက်တုံး ပြန်လိမ့်​လာ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

27 တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။

Ver Capítulo Copiar

Garrad Bible

27 တွင်း တူး ဖော် သော သူ သည်၊ ၎င်း တွင်း သို့ ကျ လိမ့် မည်။ ကျောက် ကို လှိမ့် သော သူ့ အ ပေါ်၌ လည်း၊ ထို ကျောက် ကို ပြန်၍ လိမ့် ဖိ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

27 တွင်း​တူး​သော​သူ​သည် မိ​မိ​တွင်း​ထဲ​သို့​ကျ​လိမ့်​မည်။ ကျောက်​ကို လှိမ့်​သော​သူ​အ​ပေါ်​သို့ ထို​ကျောက်​သည် ပြန်၍​လိမ့်​လိမ့်​မည်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 26:27
11 Referencias Cruzadas  

ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။


သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။


ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။ သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။


သူ​တို့​သည် အကျွန်ုပ်​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ကို ဖြန့်​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​သွား​မည့်​လမ်း​၌ ထောင်ချောက်​တွင်း​ကို တူး​ထား​ပြီး သူ​တို့​ကိုယ်တိုင် ထို​တွင်း​ထဲ​သို့ ကျ​ကြ​ပါ​၏​။(​စေလာ)


လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။ သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။


ဖြောင့်မှန်​သော​သူ​ကို မကောင်း​သော​လမ်း​ထဲသို့ လမ်းလွဲ​စေ​သော​သူ​သည် မိမိ​၏​တွင်း​ထဲသို့ မိမိကိုယ်တိုင်​ကျ​လိမ့်မည်​။ အပြစ်တင်စရာမရှိ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


တွင်း​ကို​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​တတ်​၏​။ တံတိုင်း​ကို​ဖြိုဖျက်​သော​သူ​သည်​လည်း မြွေ​ကိုက်​ခံရ​တတ်​၏​။


ဆိုးယုတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၌ ဆိုးညစ်​သော​အမှု သက်ရောက်​မည်​။ သူ​၏​လုပ်ဆောင်မှု​အတိုင်း သူ​၌​ဖြစ်​လိမ့်မည်​။


ဂျေရုဆလင်​မြို့ ခလုတ်တိုက်​ပြီ​။ ယုဒ​ပြည် လဲကျ​ပြီ​။ သူ​တို့​၏​စကား​၊ သူ​တို့​၏​အပြုအမူ​တို့​သည် ထာဝရဘုရား​ကို​ဆန့်ကျင်​ကြ​၏​။ ဘုန်းအသရေ​တော်​ရှေ့​တွင် ပုန်ကန်​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos