Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 25:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 မိမိ​၏​စိတ်​ကို​မ​ချုပ်တည်း​နိုင်​သော​သူ​သည် ပြိုပျက်​၍​တံတိုင်း​မ​ရှိ​သော​မြို့​နှင့်​တူ​၏​။

Ver Capítulo Copiar

Garrad Bible

28 စိတ် ကို ချုပ် တည်း ခြင်း ကင်း သော သူ သည်၊ ရင် တား မဲ့ လျက်၊ ပေါက် ပျက် သော မြို့ ကဲ့ သို့ ဖြစ်၏။

Ver Capítulo Copiar

Judson Bible

28 ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 25:28
8 Referencias Cruzadas  

ထို့နောက် ဟေဇကိ​မင်းကြီး​သည် မိမိကိုယ်ကို အားမာန်သွင်း​လျက် ကျိုးပျက်​နေ​သော​မြို့ရိုး​အားလုံး​ကို ပြန်လည်​ပြုပြင်​၏​။ ရဲတိုက်​များ​ကို​လည်း တည်ဆောက်​၏​။ မြို့ရိုး​အပြင်ဘက်​တွင် မြို့ရိုး​တစ်​ခု​ကို​ထပ်မံ​တည်ဆောက်​၏​။ ဒါဝိဒ်​မြို့​ရှိ မိလ္လော​ကို​လည်း ခိုင်ခံ့​အောင်​ပြုလုပ်​၏​။ လက်နက်​နှင့်​ဒိုင်းလွှား​အမြောက်အမြား​ကို​လည်း ပြုလုပ်​၏​။


သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။


စိတ်ရှည်​သော​သူ​သည် သူရဲကောင်း​ထက် ပို၍​ကောင်း​၏​။ မိမိ​၏​စိတ်​ကို ထိန်းချုပ်​နိုင်​သော​သူ​သည်​လည်း မြို့​ကို​သိမ်းပိုက်​နိုင်​သော​သူ​ထက် ပို၍​ကောင်း​၏​။


မျှော်လင့်​ခြင်း​ရှိ​စဉ်အခါ သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သူ့​ကို​သေ​ခြင်း​သို့​ရောက်​စေ​လို​သည့် စိတ်ထား​မျိုး​မ​ရှိ​စေ​နှင့်​။


အမျက်ဒေါသ​ကြီးမား​သော​သူ​သည် အပြစ်ဒဏ်​ခံရ​လိမ့်မည်​။ သူ့​ကို​ကယ်နုတ်​လျှင်​လည်း နောက်တစ်ဖန်​ထပ်၍ ကယ်နုတ်​ရ​ဦး​မည်​။


စိတ်တို​သော​သူ​နှင့် မ​ပေါင်းဖော်​နှင့်​။ ဒေါသကြီး​သော​သူ​နှင့်အတူ မ​လိုက်​နှင့်​။


ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။


ယခုမှာ အကျွန်ုပ်​တို့​သခင်​နှင့် အိမ်သူအိမ်သား​အားလုံး​သည် ဘေး​ရောက်​တော့​မည်​ဖြစ်၍ မည်သို့​ပြု​ရ​မည်​ကို သခင်မ သိ​မြင်​ပါ​လော့​။ အကျွန်ုပ်​တို့​သခင်​သည် ဆိုးညစ်​သူ​ဖြစ်​သောကြောင့် သူ့​ကို​ပြော​၍​ရ​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos