Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 24:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ဆိုးယုတ်​သော​သူ​အား “​သင်​သည် ဖြောင့်မတ်​သည်​”​ဟု ပြောဆို​သော​သူ​ကို လူ​တို့​သည် ကျိန်ဆဲ​၍ တိုင်းသူပြည်သား​တို့​သည် ရှုတ်ချ​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

24 သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။

Ver Capítulo Copiar

Garrad Bible

24 လူ ဆိုး အား၊ ဖြောင့် မတ် သည် ဟု ဆို သော သူ့ ကို၊ ပြည် သူ တိုင်း သား တို့ ဆဲ ဆို ရွံ့ ရှာ ကြ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

24 သင်​သည်​ဖြောင့်​မတ်၏​ဟု မ​တ​ရား​သော​သူ​အား​ဆို​သော​သူ​ကို လူ​အ​မျိုး​တို့​သည် ကျိန်​ဆဲ​ကြ​လိမ့်​မည်။ လူ​အ​နွယ်​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ကြ​လိမ့်​မည်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 24:24
11 Referencias Cruzadas  

ဂျုံစပါး​သိုလှောင်​ထား​သော​သူ​ကို တိုင်းသူပြည်သား​တို့ ကျိန်ဆဲ​ကြ​လိမ့်မည်​။ ရောင်းချ​ပေး​သော​သူ​၏​ဦးခေါင်း​အပေါ်​၌​မူကား ကောင်းချီးမင်္ဂလာ​ရှိ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​သော​သူ​နှင့် ဖြောင့်မတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​သော​သူ​နှစ်ဦးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​သော​သူ​သည် ချို့တဲ့​နွမ်းပါး​လိမ့်မည်​မ​ဟုတ်​။ မျက်ကွယ်​ပြု​သော​သူ​မူကား များစွာ​သော​ကျိန်ဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်​။


အစေအပါး​အကြောင်း​ကို သူ့​သခင်​ထံ မတရား​စွပ်စွဲ​ပြောဆို​ခြင်း​မ​ပြု​နှင့်​။ ထိုသို့​ပြု​လျှင် ထို​အစေအပါး​သည် သင့်​ကို​ကျိန်ဆဲ​၍ သင်​၌​အပြစ်​သင့်ရောက်​လိမ့်မည်​။


အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


ထို​သူ​တို့​သည် တံစိုးလက်ဆောင်​ကြောင့် ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​စီရင်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​ကို ဖယ်ရှား​တတ်​ကြ​၏​။


သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​သော​လူ​တို့​၏​အလောင်းကောင်​များ​ကို ထွက်​ကြည့်​ကြ​လိမ့်မည်​။ ထို​အလောင်းကောင်​တို့​ကို​စား​သော​လောက်ကောင်​သည် မ​သေ​၊ လောင်​သော​မီး​လည်း မ​ငြိမ်း​။ လူ​ခပ်သိမ်း​တို့​အတွက် စက်ဆုပ်ဖွယ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ငါ​မ​နာကျင်​စေ​လို​သော ဖြောင့်မတ်​သူ​တို့​ကို လိမ်ညာ​နာကျင်​စေ​ခဲ့​ပြီ​။ ဆိုးယုတ်​သော​သူ​တို့ အသက်ချမ်းသာ​ရာ​ရ​ရန် မကောင်း​သော​လမ်း​မှ ပြန်​မ​လှည့်​စေ​ဘဲ သူ​တို့​ဆိုးယုတ်​သည်​ကို သင်​တို့​အားပေးအားမြှောက်​ပြု​လေ​ပြီ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos