Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 23:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။ သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။

Ver Capítulo Copiar

Common Language Bible

26 ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။

Ver Capítulo Copiar

Garrad Bible

26 ငါ့ သား၊ သင်၏ နှ လုံး ကို ငါ့ အား အပ် ပေး လျက်၊ ငါ အ လေ့ အ လာ ကို မျက် စိ ကြည့် မှတ် ပါ စေ။

Ver Capítulo Copiar

Judson Bible

26 ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။

Ver Capítulo Copiar




သုတ္တံကျမ်း။ 23:26
17 Referencias Cruzadas  

ထာဝရဘုရား​၏​တရားတော်​၌​မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်အောက်မေ့​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။


ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။ ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။


သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။


ငါ​၏​ဖခင်​သည် ငါ့​ကို​သွန်သင်​လျက် မြွက်ဆို​သည်​မှာ “​ငါ့​စကား​တို့​ကို သင်​၏​စိတ်နှလုံး​ထဲ၌ စွဲမှတ်​ထား​လော့​။ ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။


မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။


“တစ်စုံတစ်ဦး​သည် ငါ့​ထံသို့​လာ​၍ မိမိ​၏​ဖခင်၊ မိခင်၊ သား​မယား​နှင့် ညီအစ်ကို​မောင်နှမ​တို့​ကို​သာမက မိမိ​အသက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။


ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ


သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။


ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos