Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 22:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မိုက်မဲ​ခြင်း​သည် ကလေးသူငယ်​၏​စိတ်နှလုံး​တွင် နှောင်ဖွဲ့​လျက်​ရှိ​၏​။ သို့သော် ဆုံးမပဲ့ပြင်​သော​ကြိမ်လုံး​သည် ၎င်း​ကို သူ​နှင့်​ဝေးကွာ​စေ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

15 မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။

Ver Capítulo Copiar

Garrad Bible

15 သူ ငယ်၏ စိတ် နှ လုံး ထဲ တွင်၊ မိုက် မဲ ခြင်း ကပ် ငြိ လျက် ရှိ သော် လည်း၊ ဆုံး မ သော ကြိမ် လုံး ကြောင့်၊ ဝေး ကွာ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

15 မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 22:15
11 Referencias Cruzadas  

မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။


အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။


ကြိမ်လုံး​ကို​မသုံး​သော​သူ​သည် မိမိ​သား​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သား​ကို​ချစ်​သော​သူ​မူကား သူ့​ကို​ကြိုးစား​၍​ဆုံးမပဲ့ပြင်​တတ်​၏​။


မျှော်လင့်​ခြင်း​ရှိ​စဉ်အခါ သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သူ့​ကို​သေ​ခြင်း​သို့​ရောက်​စေ​လို​သည့် စိတ်ထား​မျိုး​မ​ရှိ​စေ​နှင့်​။


ဒဏ်ရာ​ဒဏ်ချက်​သည် မကောင်းမှု​ကို​လည်းကောင်း​၊ ရိုက်နှက်​ခြင်း​သည် အတွင်း​အကျဆုံး​နေရာ​များ​ကို​လည်းကောင်း ဆေးကြော​သန့်စင်​ပေး​၏​။


ကြိမ်လုံး​နှင့်​ဆိုဆုံးမစကား​သည် ဉာဏ်ပညာ​ကို​ပေး​၏​။ လွှတ်​ထား​သော​ကလေးသူငယ်​မူကား သူ​၏​မိခင်​ကို​အရှက်ကွဲ​စေ​တတ်​၏​။


သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သို့ပြုလျှင် သူ​သည် သင့်​ကို​ငြိမ်းချမ်း​မှု​ပေး​၍ သင်​၏​စိတ်ဝိညာဉ်​ကို ကြည်နူး​စေ​လိမ့်မည်​။


အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။


ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos