သုတ္တံကျမ်း။ 20:30 - မြန်မာ့စံမီသမ္မာကျမ်း30 ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊ ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။ Ver CapítuloCommon Language Bible30 အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။ Ver CapítuloGarrad Bible30 နာ ကျင် စေ တတ် သော ရိုက် နှက် ခြင်း သည်၊ အ ဆိုး အ ညစ် ကို လည်း ကောင်း၊ ဒဏ် ချက် များ လည်း၊ အ တွင်း သ ဘော ကို လည်း ကောင်း၊ သုတ် သင် ရှင်း လင်း တတ်၏။ Ver CapítuloJudson Bible30 အနာကို မွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကိုပြုတတ်၏။ Ver Capítulo |
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။