Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 20:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 လူ​၏​ခြေလှမ်း​တို့​ကို ထာဝရဘုရား​စီရင်​တော်မူ​၏​။ သို့ဖြစ်၍ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မည်သို့​သိရှိနားလည်​နိုင်​မည်နည်း​။

Ver Capítulo Copiar

Common Language Bible

24 လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။

Ver Capítulo Copiar

Garrad Bible

24 သူ တော် ကောင်း၏ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ လျက် နှင့်၊ ကိုယ် သွား ရာ လမ်း ကို မည် သို့ နား လည် နိုင် သ နည်း။

Ver Capítulo Copiar

Judson Bible

24 လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။

Ver Capítulo Copiar




သုတ္တံကျမ်း။ 20:24
10 Referencias Cruzadas  

ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​သည် မည်သူ​နည်း​။ ကိုယ်တော်​သည် ထို​သူ​ရွေးချယ်​ရ​မည့်​လမ်း​ကို သူ့​အား​သွန်သင်ပြသ​တော်မူ​လိမ့်မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။


ထာဝရဘုရား​သည် လူ​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​၍ သူ​သွား​ရာ​လမ်း​ကို နှစ်သက်​တော်မူ​၏​။


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​၏​ဉာဏ်ပညာ​မှာ မိမိ​လမ်း​ကို​သိရှိနားလည်​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။


စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။ လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။


အို ထာဝရဘုရား​၊ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မိမိ​မ​ပိုင်​၊ လမ်းလျှောက်​နေ​သော​သူ​သည် ကိုယ့်​ခြေလှမ်း​ကို ကိုယ်​မ​တည့်မတ်​စေ​နိုင်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos