Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 18:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 လူ​နှင့်​ပါလာ​သော​လက်ဆောင်​သည် သူ့​ကို​လမ်း​ဖွင့်​ပေး​၍ ကြီးမြတ်​သော​သူ​တို့​၏​ရှေ့မှောက်​သို့ သူ့​ကို​ပို့ဆောင်​ပေး​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

16 လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။

Ver Capítulo Copiar

Garrad Bible

16 လူ၌ ပါ သော လက် ဆောင် သည်၊ လမ်း ကို ဖယ် ရှဲ၍၊ တန် ခိုး ကြီး သူ တို့ ထံ ဝင် သွား ခွင့် ရ စေ တတ် ၏။

Ver Capítulo Copiar

Judson Bible

16 လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 18:16
10 Referencias Cruzadas  

ထို့ပြင် ‘​အရှင့်​အစေအပါး ယာကုပ်​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ယာကုပ်​က “​ငါ့​အလျင်​ရောက်​နှင့်​သော​လက်ဆောင်​ဖြင့် သူ့​ကို​စိတ်ပြေ​စေ​ပြီးမှ သူ​နှင့်​ငါ​တွေ့ဆုံ​မည်​။ သို့ပြုလျှင် သူ​သည် ငါ့​ကို​လက်ခံ​ကောင်း​လက်ခံ​လိမ့်မည်​”​ဟု တွေးထင်​သောကြောင့်​ဖြစ်​၏​။


ယာကုပ်​က​လည်း “​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါ​လျှင် အကျွန်ုပ်​ပေး​သော​လက်ဆောင်​ကို လက်ခံ​ပါ​လော့​။ အကယ်စင်စစ် သခင်​၏​မျက်နှာ​ကို အကျွန်ုပ်​ဖူးမြင်​ရ​သည်​မှာ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​သကဲ့သို့​ဖြစ်​ပါ​၏​။ သခင်​သည်​လည်း အကျွန်ုပ်​ကို ကြည်ဖြူ​စွာ​လက်ခံ​ပါ​ပြီ​။


ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။


ဆီးရီးယား​ဘုရင်​က​လည်း “​ယခုပင် သွား​ပါ​။ အစ္စရေး​ဘုရင်​ထံ စာပါး​လိုက်​မည်”​ဟု ဆို​သဖြင့် သူ​သည် ငွေ​တာလန်​တစ်ဆယ်​၊ ရွှေ​ရှယ်ကယ်​ခြောက်​ထောင်​နှင့် အဝတ်​ဆယ်​စုံ​ကို​ယူ​၍ ခရီးထွက်​သွား​လေ​၏​။


တံစိုးလက်ဆောင်​သည် ပေးသူ​၏​အမြင်​တွင် တင့်တယ်​သော​ကျောက်မျက်​ဖြစ်၍ မျက်နှာမူ​ရာ​အရပ်ရပ်​၌ အောင်မြင်​တတ်​၏​။


မိမိ​အမှု​ကို​ဦးစွာ​တင်ပြ​သော​သူ​သည် အခြားသူ​ရောက်လာ​၍ ထို​အမှု​ကို မ​စစ်ကြော​မီ​အထိ ဖြောင့်မတ်​ဟန်​ရှိ​၏​။


များစွာ​သော​သူ​တို့​သည် မင်းအရာရှိ​ထံမှ​မျက်နှာရ​ရန်​ကြိုးစား​တတ်​ကြ​၏​။ လူ​တိုင်း​သည်​လည်း လက်ဆောင်​ပေး​သော​သူ​နှင့်​မိတ်ဆွေ​ဖြစ်​တတ်​ကြ​၏​။


တိတ်တဆိတ်​ပေး​သော​လက်ဆောင်​သည် အမျက်​ကို​လည်းကောင်း​၊ လျှို့ဝှက်​စွာ​ပေး​သော​တံစိုးလက်ဆောင်​သည် ပြင်းထန်​သော​အမျက်ဒေါသ​ကို​လည်းကောင်း ပြေ​စေ​တတ်​၏​။


ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။


ယခု သခင့်​အဖို့ သခင့်​ကျွန်မ ယူလာ​သော​လက်ဆောင်​ကို သခင့်​နောက်လိုက်​ငယ်သား​တို့​အား ပေး​လိုက်​ပါရစေ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos