သုတ္တံကျမ်း။ 17:23 - မြန်မာ့စံမီသမ္မာကျမ်း23 ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန် တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။ Ver CapítuloCommon Language Bible23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။ Ver CapítuloGarrad Bible23 လူ ဆိုး သည် တ ရား လမ်း ကို မှောက် လှန် ရန်၊ ရင် ခွင် မှ တံ စိုး ကို ခံ ယူ တတ် ၏။ Ver CapítuloJudson Bible23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။ Ver Capítulo |
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။