Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 17:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဆိုးညစ်​သော​သူ​သည် ပုန်ကန်မှု​ကို​သာ​ရှာကြံ​တတ်​သည်​ဖြစ်၍ ရက်စက်​သော​စေတမန်​သည် သူ့​ထံသို့​စေလွှတ်​ခြင်း​ခံရ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။

Ver Capítulo Copiar

Garrad Bible

11 လူ ဆိုး သည်၊ ပုန် ကန် မှု ကို သာ ရှာ ကြံ တတ် သော ကြောင့်၊ ရက် စက် သော တ မန် ကို ထို သူ့ ထံ စေ လွှတ် ရ၏။

Ver Capítulo Copiar

Judson Bible

11 ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 17:11
15 Referencias Cruzadas  

အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။


ယွာဘ​၏​လက်နက်​ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။


ဇာဒုတ်​၏​သား​အဟိမတ်​က “​ယခု အကျွန်ုပ်​ပြေး​၍ ရှင်ဘုရင်​အား ထာဝရဘုရား​သည် သူ့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​ပြီ​ဟူသော​သတင်း​ကို လျှောက်တင်​ပါရစေ​”​ဟု ဆို​လျှင်


ဂိလဂါလ​မြို့​တွင် ဗင်္ယာမိန်​အမျိုးသား ဗိခရိ​၏​သား​ဖြစ်​သူ ရှေဘ​အမည်​ရှိ​သော ဆိုးညစ်​သူ တစ်ဦး​ရှိ​၏​။ သူ​သည် တံပိုး​ကို​မှုတ်​၍ “​ဒါဝိဒ်​၌ ငါ​တို့ ဝေစု​မ​ရှိ​။ ယေရှဲ​၏​သား​၌ ငါ​တို့ အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​အိမ်​သို့ ကိုယ်​ပြန်​ကြ​”​ဟု ဆို​၏​။


ထို့နောက် ထို​မိန်းမ​သည် အမြော်အမြင်​ရှိ​သူ​ပီပီ မြို့သား​တို့​ထံ​သွား​၍​ကြားပြော​ရာ သူ​တို့​သည်​လည်း ဗိခရိ​၏​သား ရှေဘ​၏​ခေါင်း​ကို​ဖြတ်​ပြီး ယွာဘ​ထံ ပစ်ချ​၏​။ ယွာဘ​သည်​လည်း တံပိုး​မှုတ်​လိုက်​လျှင် သူ့​လူ​တို့​သည် မြို့​မှ​ထွက်ခွာ​၍ အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ယွာဘ​မူကား ရှင်ဘုရင်​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။


ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​သည် ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။


ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို အမိန့်ပေး​သဖြင့် ဗေနာယ​သည် သွား​၍ ရှိမိ​အား​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​လက်ထက်​တွင် နိုင်ငံ​တော်​တည်မြဲ​လေ​၏​။


အသိဉာဏ်​ရှိ​သော​သူ​ကို တစ်ကြိမ်​ဆုံးမ​ခြင်း​သည် မိုက်မဲ​သော​သူ​ကို အကြိမ်​တစ်ရာ​ရိုက်​ခြင်း​ထက် ပို၍​အရာ​ရောက်​၏​။


မိုက်မဲစိတ်​မွှန်​နေ​သော လူမိုက်​နှင့်​တွေ့​ရ​ခြင်း​ထက် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​နှင့်​တွေ့​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။


ငါ့​သား​၊ ထာဝရဘုရား​နှင့်​ရှင်ဘုရင်​ကို ကြောက်ရွံ့​လော့​။ ဖောက်ပြန်​ပြောင်းလဲ​သော​သူ​တို့​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။


သူ​တို့​က “ထို​ဆိုးယုတ်​သော​သူ​တို့​ကို ရက်စက်​စွာ​အဆုံးစီရင်​၍ အသီး​ပေါ်​ချိန်​တွင် သူ့​ကို​အသီး​ပေး​မည့် အခြား​ခြံသမား​တို့​အား စပျစ်ခြံ​ကို ငှားရမ်း​ပါ​လိမ့်မည်”​ဟု ဖြေကြား​ကြ​၏။


ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။


ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos