Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 16:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ရှင်ဘုရင်​၏​နှုတ်ခမ်း​တွင် နိမိတ်စကား​ရှိ​၏​။ တရားစီရင်​ရာ​၌ သူ​၏​နှုတ်​သည် မှားယွင်း​မည်​မ​ဟုတ်​။

Ver Capítulo Copiar

Common Language Bible

10 ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။

Ver Capítulo Copiar

Garrad Bible

10 ဘု ရင် မင်း၏ နှုတ် ခမ်း၌၊ ဗျာ ဒိတ် တော် တည် သည် ဖြစ်၍၊ တရား ဆုံး ဖြတ် ရာ တွင်၊ နှုတ် တော် မ မှား မ ယွင်း တတ်။

Ver Capítulo Copiar

Judson Bible

10 ရှင်​ဘု​ရင်၏​နှုတ်​ခမ်း​တို့၌ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဖြစ်၍၊ တ​ရား​ဆုံး​ဖြတ်​ရာ​အ​မှု၌ နှုတ်​တော်​သည် မ​မှား​စေ​နှင့်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 16:10
17 Referencias Cruzadas  

ယောသပ်​က သူ​တို့​အား “​သင်​တို့​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​။ ငါ​ကဲ့သို့သော​လူ​သည် နိမိတ်ဖတ်​တတ်​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော​”​ဟု ဆို​လေ​၏​။


ဤ​ခွက်​သည် ငါ့​သခင်​သောက်​သော​ခွက်​ဖြစ်​သည်​သာမက နိမိတ်ဖတ်​သော​ခွက်​လည်း ဖြစ်​သည်​မ​ဟုတ်​လော​။ သင်​တို့​ပြု​သော​အမှု​သည် ဆိုးညစ်​လှ​ပါ​တကား​’​ဟူ၍ သူ​တို့​အား ပြော​ရ​မည်​”​ဟု မိန့်မှာ​လေ​၏​။


ရှင်ဘုရင်​သည် ငါ့​စကား​ကို​နားထောင်​ပြီး သူ​၏​ကျွန်မ​ဖြစ်​သော​ငါ​နှင့် ငါ့​သား​ကို ဘုရားသခင်​၏​အမွေ​တော်​အဖြစ်​မှ ဖျက်ဆီး​မည့်​သူ​၏​လက်​မှ ကယ်နုတ်​ကောင်း​ကယ်နုတ်​လိမ့်မည်​’​ဟု တွေးမိ​၍ လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထိုသို့​ရှင်ဘုရင်​စီရင်​လိုက်​သော​အမှု​ကို ကြားသိ​ရ​သောအခါ ရှင်ဘုရင်​၏​နှလုံးသား​ထဲတွင် ဘုရားသခင်​၏​ဉာဏ်ပညာ​တည်နေ​သောကြောင့်​သာ ဤသို့​စီရင်​နိုင်​ကြောင်း​ကို သိ​ကြ​သောကြောင့် ရှင်ဘုရင်​ကို ကြောက်ရွံ့ရိုသေ​ကြ​လေ​၏​။


သူ​သည် ထိုသို့​အင်အားကြီး​လာ​သည်​နှင့်အမျှ ပျက်စီး​ခြင်း​သို့​ရောက်​သည်​အထိ​ဘဝင်မြင့်​လာ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​အပေါ် သစ္စာမဲ့​လာ​၏​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​ပေါ်၌ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ရန် ထာဝရဘုရား​၏​ဗိမာန်​တော်​သို့​ဝင်​၏​။


တန်ခိုးကြီး​သော​ရှင်ဘုရင်​သည် တရားမျှတ​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် သမာသမတ်​ရှိ​ခြင်း​ကို တည်မြဲ​စေ​တော်မူ​၏​။ ယာကုပ်​အမျိုး​ထဲတွင် တရားမျှတ​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​ကို စီရင်​တော်မူ​၏​။


ရှင်ဘုရင်​သည် တရားမျှတမှု​အားဖြင့် တိုင်းပြည်​ကို​တည်မြဲ​စေ​တတ်​၏​။ အခွန်​မတရား​ကောက်ခံ​သော​သူ​မူကား တိုင်းပြည်​ကို​ပြိုပျက်​စေ​တတ်​၏​။


သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


သင်​တို့​သည် တရားမျှတမှု​ကို ခါးသီး​စေ​၍ ဖြောင့်မတ်​ခြင်း​ကို မြေ​ပေါ်​ချထား​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏​။


မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos