သုတ္တံကျမ်း။ 15:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဆိုးယုတ်သောသူ၏လမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းကိုလက်ကိုင်ပြုသောသူကိုကား ကိုယ်တော်ချစ်တော်မူ၏။ Ver CapítuloCommon Language Bible9 မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ Ver CapítuloGarrad Bible9 လူ ဆိုး၏ အ လေ့ အ လာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော သူ့ ကို ကား၊ နှစ် သက် တော် မူ၏။ Ver CapítuloJudson Bible9 မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ Ver Capítulo |
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။