Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 15:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အသိစိတ်​မ​ရှိ​သော​သူ​သည် မိုက်မဲ​ခြင်း​၌​ဝမ်းမြောက်​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဖြောင့်မှန်​စွာ​လျှောက်လှမ်း​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

21 ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။

Ver Capítulo Copiar

Garrad Bible

21 မိုက် မဲ ခြင်း သည်၊ ဉာဏ် မဲ့ သူ၏ ရွှင် လန်း ရာ အ ကြောင်း ဖြစ်၏။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ မူ ကား၊ ကိုယ့် အ ကြံ ကို ဖြောင့် စေ တတ်၏။

Ver Capítulo Copiar

Judson Bible

21 ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 15:21
13 Referencias Cruzadas  

ကိုယ်တော်​က လူ​အား ‘​ကြည့်ရှု​လော့​။ ဘုရားရှင်​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်​၏​။ မကောင်းမှု​ကို​ရှောင်ကြဉ်​ခြင်း​သည် အသိဉာဏ်​ဖြစ်​၏​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာ​သော​သူ အပေါင်း​တို့​သည် ကောင်း​သော​ဉာဏ်စွမ်း​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ထာဝရ​တည်​၏​။


မိုက်မဲ​သော​သူ​သည် ညစ်ညမ်း​သော​အမှု​ကို​ပြု​ခြင်း​၌ ပျော်မွေ့​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဉာဏ်ပညာ​၌ ပျော်မွေ့​တတ်​၏​။


အသိစိတ်​မ​ရှိ​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား တိတ်ဆိတ်​စွာ​နေ​တတ်​၏​။


ပညာရှိ​သော​သူ​သည် ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​တတ်​၏​။ မိုက်မဲ​သော​သူ​မူကား ချုပ်တည်း​မှု​ကင်းမဲ့​၍ အတင့်ရဲ​တတ်​၏​။


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​၏​ဉာဏ်ပညာ​မှာ မိမိ​လမ်း​ကို​သိရှိနားလည်​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။


ဆိုးမိုက်​သော​သူ​တို့​သည် ဒုစရိုက်ဖြေရာယဇ်​ကို ပြက်ရယ်​ပြု​တတ်​ကြ​၏​။ ဖြောင့်မှန်​သော​သူ​တို့​ကြား​၌​ကား နှစ်သက်​လက်ခံ​ခြင်း​ရှိ​၏​။


ဆွေးနွေးတိုင်ပင်​ခြင်း​မ​ရှိ​လျှင် အကြံအစည်​များ​ပျက်​တတ်​၏​။ အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အကြံအစည်​ထမြောက်​တတ်​၏​။


သင်​၏​မျက်စိ​သည် ရှေ့​သို့​စေ့စေ့ကြည့်​ပါစေ​။ သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။


သင်​လျှောက်​ရာ​လမ်း​ကို​ချင့်ချိန်သုံးသပ်​လော့​။ သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။


ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍


သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos