Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 14:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ပြည်သူပြည်သား​များပြားခြင်း​သည် ရှင်ဘုရင်​အတွက် အသရေ​ဖြစ်​၏​။ တိုင်းသူပြည်သား​မ​ရှိ​ခြင်း​မူကား အုပ်ချုပ်သူ​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။

Ver Capítulo Copiar

Common Language Bible

28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။

Ver Capítulo Copiar

Garrad Bible

28 ပြည် သူ ပြည် သား တိုး ပွား များ ပြား ခြင်း သည်၊ ဘု ရင် မင်း၏ ဘုန်း တည် ရာ အ ကြောင်း၊ တိမ် ကော ခြင်း မူ ကား၊ မင်း၏ ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။

Ver Capítulo Copiar

Judson Bible

28 ပြည်​သား​များ​ပြား​ရာ၌ ရှင်​ဘု​ရင်၏​ဘုန်း​တော်​တည်၏။ ပြည်​သား​နည်း​ပါး​ရာ၌​ကား၊ မင်း​အ​ကျိုး​နည်း​ခြင်း​ရှိ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 14:28
11 Referencias Cruzadas  

ယခု ထ​ပါ​။ အရှင့်​အမှုထမ်း​တို့​ထံ​သွား​၍ နှစ်သိမ့်စကား​မြွက်ဆို​ပေး​ပါ​။ အရှင်မင်းကြီး​မ​သွား​လျှင် ယခု​ည​တွင်ပင် အရှင်မင်းကြီး​ထံပါး​၌ မည်သူ​မျှ​ကျန်​ခဲ့​မည်​မ​ဟုတ်​ပါ​။ ဤ​အမှု​သည် အရှင်မင်းကြီး ငယ်စဉ်​မှစ၍ ယခု​ချိန်​ထိ ကြုံ​ဖူး​သော​ဒုက္ခ​အားလုံး​ထဲတွင် အဆိုးဆုံး​ဖြစ်​လိမ့်မည်​ကို ထာဝရဘုရား​ကို​တိုင်တည်​၍ အကျွန်ုပ်​ကျိန်​ဝံ့​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။


ယွာဘ​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​သည်​ကို အရှင်​မင်းကြီး ကိုယ်တိုင်​မြင်တွေ့​ရ​ပါစေသော​။ အဘယ်ကြောင့် အရှင်​မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​”​ဟု လျှောက်တင်​၏​။


အစ္စရေး​အမျိုးသား​တို့​လည်း စုရုံး​၍ ရိက္ခာ​ဖြည့်တင်း​ပြီးလျှင် ဆီးရီးယား​တပ်​နှင့်​ရင်ဆိုင်တိုက်ခိုက်​ရန် ချီလာ​ကာ မျက်နှာချင်းဆိုင်​တွင် စခန်းချ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​ရှေ့​တွင် ဆိတ်အုပ်လေး​နှစ်​အုပ်​သဖွယ်​ဖြစ်​နေ​၏​။ ဆီးရီးယား​တို့​မူကား တစ်ပြည်လုံး​အနှံ့​တပ်စွဲ​ထား​ကြ​၏​။


ဆီးရီးယား​ဘုရင်​က အစ္စရေး​စစ်တပ်​ကို ဖျက်ဆီး​ပစ်​၍ ကောက်နယ်တလင်း​ရှိ​အမှုန့်​ကဲ့သို့ ဖြစ်စေ​သောကြောင့် ယောခတ်​မင်းကြီး​တွင် မြင်းတပ်သား​အယောက်​ငါးဆယ်​၊ စစ်ရထား ဆယ်​စီး​၊ ခြေလျင်တပ်သား​အယောက်​တစ်သောင်း​မှလွဲ၍ စစ်တပ်​ဟူ၍​ပင် မ​ရှိ​တော့​ပေ​။


သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။


ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။


စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။ စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။


မြောက်ဘက်​အရပ်​မှ​လာ​သော​သူ​တို့​ကို မျှော်ကြည့်​လော့​။ သင့်​အား ပေးအပ်​ထား​သော​သိုးစု​၊ သင်​ဂုဏ်ယူရာ​သိုး​ကား အဘယ်မှာ​နည်း​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos