Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 12:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

8 လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။

Ver Capítulo Copiar

Garrad Bible

8 လူ သည် သ တိ ပ ညာ ရှိ သည် နှင့် အ မျှ၊ ချီး မွမ်း ခြင်း ကို ခံ ရ၏။ မှောက် မှား သော သ ဘော ရှိ သူ ကား၊ မ ထီ မဲ့ မြင် ပြု ခြင်း ကို ခံ ရ၏။

Ver Capítulo Copiar

Judson Bible

8 လူ​သည် ဉာဏ်​ပ​ညာ​ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ခြင်း​ကို​ခံ​ရ၏။ သ​ဘော​ကောက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 12:8
24 Referencias Cruzadas  

ထို့နောက် ဖာရော​မင်းကြီး​က ယောသပ်​အား “​ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို သင့်​အား​ဖော်ပြ​တော်မူ​ပြီ​ဖြစ်၍ သင်​ကဲ့သို့ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။


ငါ​သည် သူ​၏​ရန်သူ​တို့​အား အရှက်ကွဲ​ခြင်း​ကို​ဝတ်ဆင်​စေ​မည်​။ သူ့​အပေါ်​၌​မူကား သူ​၏​ဘုန်းသရဖူ​သည် ပွင့်လန်း​တောက်ပ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် သင်​တို့​ဘေးဒုက္ခ​ရောက်​သောအခါ ငါ​ရယ်မော​မည်​။ ကြောက်မက်ဖွယ်ဘေး​သည် သင်​တို့​ထံသို့​ရောက်​သောအခါ ငါ​ပြက်ရယ်ပြု​မည်​။


ဆိုးယုတ်​သော​သူ​တို့​သည် ဖြိုလှဲ​ခြင်း​ခံရ​၍ ပျောက်ကွယ်​သွား​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​မူကား တည်မြဲ​လိမ့်မည်​။


ဂုဏ်နိမ့်​သော်လည်း အစေအပါး​ရှိ​သော​သူ​သည် ဂုဏ်ဖော်ဝါကြွား​သော်လည်း စားစရာ​မ​ရှိ​သော​သူ​ထက် ပို၍​ကောင်း​၏​။


ဖြောင့်မတ်​သော​သူ​သည် မတရား​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။


ပညာရှိ​သော​သူ​တို့​သည် ဂုဏ်သရေ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​မူကား အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။


သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။ သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။


မည်သူ​သည် ပညာရှိ​ကဲ့သို့​ဖြစ်​သနည်း​။ မည်သူ​သည် အမှုအရာ​၏​အနက်အဓိပ္ပာယ်​ကို​သိ​သနည်း​။ လူ​တစ်​ဦး​၏​ဉာဏ်ပညာ​သည် ထို​သူ​၏​မျက်နှာ​ကို​ထွန်းလင်း​စေ​၍ သူ​၏​တင်းမာ​သော​မျက်နှာ​ကို ပြောင်းလဲ​စေ​တတ်​၏​။


ထာဝရဘုရား​သည် အီဂျစ်​ပြည်​ထဲ​သို့ ရှုပ်ထွေး​သော​သဘော​ကို သွင်း​တော်မူ​သဖြင့် ယစ်မူး​သူ​သည် မိမိ​အန်ဖတ်​ပေါ်မှာ ဒယီးဒယိုင်​ဖြစ်​နေ​သကဲ့သို့ သူ​တို့​သည် အီဂျစ်​ပြည်​၏​အမှုကိစ္စ​ရှိသမျှ​တို့​ကို လမ်းလွဲ​စေ​ကြ​ပြီ​။


ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။


ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။


မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


အကြောင်းမူကား ယုံကြည်​စိတ်ချ​ရ​သူ​သည် မိမိကိုယ်ကို ထောက်ခံ​ချီးကျူး​သော​သူ​မ​ဟုတ်​ဘဲ သခင်​ဘုရား​က ထောက်ခံ​ချီးကျူး​သော​သူ​ဖြစ်​ရ​မည်။


ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။


ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင်


ဖိလိတ္တိ​တပ်မှူး​တို့ ချီတက်​တိုက်ခိုက်​လေ​တိုင်း ဒါဝိဒ်​သည် ရှောလု​မင်းကြီး​၏​အမှုထမ်း​အပေါင်း​တို့​ထက် အောင်နိုင်​သဖြင့် နာမည်​ကျော်ကြား​လေ​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင့်​အမျိုးအနွယ်​နှင့်​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​သည် ငါ့​ရှေ့​၌ အစဉ်​ဝင်ထွက်​သွားလာ​ရ​မည်’​ဟူ၍ ငါ​အမှန်ဆို​ခဲ့​၏​။ ယခုမှာ ထာဝရဘုရား​က ‘ထို​မိန့်ဆိုချက်​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ့​ကို​ဂုဏ်ပြုချီးမြှောက်​သော​သူ​ကို ငါ​ဂုဏ်ပြုချီးမြှောက်​မည်​။ ငါ့​ကို​မထီမဲ့မြင်ပြု​သော​သူ​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ခံရ​မည်​။


ယခုမှာ အကျွန်ုပ်​တို့​သခင်​နှင့် အိမ်သူအိမ်သား​အားလုံး​သည် ဘေး​ရောက်​တော့​မည်​ဖြစ်၍ မည်သို့​ပြု​ရ​မည်​ကို သခင်မ သိ​မြင်​ပါ​လော့​။ အကျွန်ုပ်​တို့​သခင်​သည် ဆိုးညစ်​သူ​ဖြစ်​သောကြောင့် သူ့​ကို​ပြော​၍​ရ​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos