Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 11:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို​ပေါက်ကြား​စေ​တတ်​၏​။ ယုံကြည်​စိတ်ချ​ရ​သော​စိတ်သဘော​ရှိ​သူ​မူကား အမှုကိစ္စ​ကို ဖုံးကွယ်​ထား​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

13 လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။

Ver Capítulo Copiar

Garrad Bible

13 ကုန်း ချော၍ သွား လာ သော သူ သည်၊ လျှို့ ဝှက် အပ် သော အ ရာ ကို ဖော် ပြ တတ်၏။ သ စ္စာ စောင့် သော သူ မူ ကား၊ ဖုံး ကွယ် တတ် ၏။

Ver Capítulo Copiar

Judson Bible

13 လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 11:13
14 Referencias Cruzadas  

စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။


အသိစိတ်​မ​ရှိ​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား တိတ်ဆိတ်​စွာ​နေ​တတ်​၏​။


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် အသိပညာ​ကို ဖုံးကွယ်​ထား​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား မိုက်မဲမှု​ကို​ကြေညာ​တတ်​၏​။


သစ္စာရှိ​သော​သက်သေ​သည် လိမ်လည်​ခြင်း​မ​ပြု​။ မုသား​သက်သေ​မူကား လိမ်လည်​ထွက်ဆို​တတ်​၏​။


ပညာသတိ​ရှိ​သော​သူ​သည် မိမိ​၏​ဒေါသ​ကို​ချုပ်တည်း​တတ်​၏​။ သူ​၏​ဂုဏ်ကျက်သရေ​ကား သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖြေလွှတ်​ခြင်း​ဖြစ်​၏​။


အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို ပေါက်ကြား​စေ​တတ်​၏​။ သို့ဖြစ်၍ နှုတ်ဖွာ​သော​သူ​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။


သင်​၏​အမှုကိစ္စ​ကို သင်​၏​အိမ်နီးချင်း​နှင့် ရင်ဆိုင်ဖြေရှင်း​လော့​။ အခြား​သော​သူ​၏​လျှို့ဝှက်ချက်​ကို​လည်း မ​ဖော်ပြ​နှင့်​။


မှူးမတ်​အပေါင်း​တို့​က​လည်း ယေရမိ​ထံ လာ​၍​မေးမြန်း​ကြ​လေ​၏​။ သူ​က​လည်း ရှင်ဘုရင်​မှာထား​သည့်​အတိုင်း သူ​တို့​အား ပြန်ပြော​၏​။ ရှင်ဘုရင်​နှင့် ပြောဆို​ခဲ့​သော​စကား​များ​ကို မည်သူ​မျှ​မ​ကြားသိ​ကြ​သောကြောင့် သူ​တို့​လည်း ဆက်မမေး​ကြ​တော့​ချေ​။


သင်​၏​လူမျိုး​တို့​တွင် လှည့်လည်​၍ သူတစ်ပါး​အသရေပျက်​အောင် မ​ပြော​ရ​။ သင်​၏​အိမ်နီးချင်း​ကို အသက်အန္တရာယ်​ဖြစ်​အောင် မ​ပြု​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ထို့ပြင် သူ​တို့​သည် တစ်အိမ်​ပြီး​တစ်အိမ်​လှည့်လည်​၍ ပျင်းရိ​သော​အကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထိုသို့​ပျင်းရိ​သည်​သာမက အတင်းအဖျင်း​ပြောဆို​လျက် သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​ကာ မ​ပြော​သင့်​သည့်​အရာ​တို့​ကို ပြောဆို​တတ်​ကြ​၏။


ထို​သူ​တို့​က​လည်း သူ့​အား “​သင်​တို့​သည် ငါ​တို့​လာ​သော​သတင်း​ကို​မ​ပေါက်ကြား​စေ​လျှင် ငါ​တို့​အသက်​ကို​ရင်း​၍ သင်​တို့​ကို အာမခံ​ပါ​မည်​။ ဤ​ပြည်​ကို ငါ​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သောအခါ သင့်​ကို အမှန်တကယ်​မေတ္တာ​ပြ​ပါ​မည်​”​ဟု ဆို​လေ​၏​။


သင်​သည် ငါ​တို့​လာ​သော​သတင်း​ကို ပေါက်ကြား​စေ​လျှင် ငါ​တို့​အား သင်​ကျိန်ဆို​စေ​ခဲ့​သော​အကျိန်​မှ ငါ​တို့​ကင်းလွတ်​၏​”​ဟု ရာခပ်​အား ဆို​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos