သုတ္တံကျမ်း။ 1:9 - မြန်မာ့စံမီသမ္မာကျမ်း9 အကြောင်းမူကား ထိုအရာတို့သည် သင်၏ဦးခေါင်းအတွက် တင့်တယ်သောပန်းဦးရစ်၊ သင်၏လည်ပင်းအတွက် လည်ဆွဲဖြစ်ကြလိမ့်မည်။ Ver CapítuloCommon Language Bible9 ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။ Ver CapítuloGarrad Bible9 ထို တ ရား များ သည် သင်၌ တင့် တယ် သော ဦး ရစ်၊ လည် ဆွဲ တန် ဆာ များ ဖြစ် လိမ့် မည်။ Ver CapítuloJudson Bible9 ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။ Ver Capítulo |
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။