ဝတ်ပြု 8:29 - မြန်မာ့စံမီသမ္မာကျမ်း29 မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။ Ver CapítuloCommon Language Bible29 ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။ Ver CapítuloGarrad Bible29 ခန့် ထား ခြင်း ဆိုင် ရာ သိုး မှ မော ရှေ့ ပိုင် စု ရင် ထူး ကို ယူ ၍ ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း များ ကို ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ ၏။ Ver CapítuloJudson Bible29 ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။ Ver Capítulo |
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။