ဝတ်ပြု 6:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။ Ver CapítuloCommon Language Bible27 တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။- Ver CapítuloGarrad Bible27 ဆိုင် ရာ အ သား ကို ထိ မိ သ မျှ သော သူ တို့ သည် သီး သန့် ရာ ရောက် မည့် ပြင်၊ အ ကြင် အ ဝတ် ကို အ သွေး စွန်း မိ လျှင် ထို အ ဝတ် ကို သီး သန့် ရာ အ ရပ် တွင် ဖွပ် လျှော် ရ မည်။ Ver CapítuloJudson Bible27 ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖျန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။ Ver Capítulo |
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။