ဝတ်ပြု 6:18 - မြန်မာ့စံမီသမ္မာကျမ်း18 ၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible18 အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။ Ver CapítuloGarrad Bible18 သင် တို့ လူ မျိုး အ စဉ် အ ဆက် ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ နက်၊ အာ ရုန့် အ ဆက် အ နွယ် ယောက်ျား အ ပေါင်း တို့ သည် အ မြဲ ထုံး ဖွဲ့ ချက် ဆွမ်း ကို ဘုန်း ပေး ခွင့် ရ ကြ လိမ့် မည်။ ထိ မိ သ မျှ သူ တို့ သည် သီး သန့် ရာ ရောက် လိမ့် မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible18 အာရုန်၏သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။ Ver Capítulo |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။