ဝတ်ပြု 5:4 - မြန်မာ့စံမီသမ္မာကျမ်း4 တစ်စုံတစ်ယောက်သည် ဆိုးညစ်သောအမှုကိုပြုမည်၊ ကောင်းသောအမှုကိုပြုမည်ဟူ၍ နှုတ်ဖြင့်မဆင်မခြင်ကျိန်ဆိုပြီး ထိုမဆင်မခြင်ကျိန်ဆိုသောအရာကို သူသည် သတိမမူမိဘဲနေ၍ နောက်မှ ထိုအရာကို သိလာလျှင်လည်း ထိုကျိန်ဆိုသောအရာတစ်စုံတစ်ခုကြောင့် သူ့အပေါ် အပြစ်သက်ရောက်မည်။ Ver CapítuloCommon Language Bible4 တစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။ Ver CapítuloGarrad Bible4 လူ တစ် ဦး သည် အ ကောင်း အ ဆိုး ကို ပြု မည် ဟု အ ကျိုး အ ပြစ် မ မျှော် မြင် ဘဲ ကျိန် ဆို မိ၍ သိ သော အ ခါ ဆို ခဲ့ ရာ အ တွက် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊ Ver CapítuloJudson Bible4 တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တစ်ဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတစ်ခုရောက်သော်လည်းကောင်း၊ Ver Capítulo |
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။