ဝတ်ပြု 4:19 - မြန်မာ့စံမီသမ္မာကျမ်း19 နွားထီး၏အဆီရှိသမျှကို ထုတ်ယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ Ver CapítuloCommon Language Bible19 ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။- Ver CapítuloGarrad Bible19 ဆီ ဥ ရှိ သ မျှ ကို ချီ ယူ၍ ပ လ္လင် တော် ပေါ် မှာ မီး ဖြင့် ပူ ဇော် ခြင်း ပြု ရ မည်။ Ver CapítuloJudson Bible19 နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ Ver Capítulo |
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။