ဝတ်ပြု 4:15 - မြန်မာ့စံမီသမ္မာကျမ်း15 လူထုထဲမှသက်ကြီးဝါကြီးတို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားထီး၏ခေါင်းပေါ်တွင် တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ Ver CapítuloCommon Language Bible15 ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။- Ver CapítuloGarrad Bible15 ပ ရိ သတ် လူ ကြီး တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက်၊ နွား ဦး ခေါင်း ပေါ် တွင် လက် တင် လျက် မျက် မှောက် တော် တွင် ပင် စီ ရင် စေ ကြ ရ မည်။ Ver CapítuloJudson Bible15 ပရိသတ်တွင် အသက်ကြီးသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်၍၊ ထိုနွားကို ရှေ့တော်၌သတ်ရကြမည်။ Ver Capítulo |
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။