ဝတ်ပြု 3:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့သည် မည်သည့်အဆီ၊ မည်သည့်သွေးကိုမျှ မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible17 ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။ Ver CapítuloGarrad Bible17 သင် တို့ အ မျိုး အ စဉ် အ ဆက် နေ ရာ အ ရပ် ရပ်၌ ဆီ ဥ နှင့် အ သွေး ကို မ သုံး ဆောင် ရ ဟူ၍ အ မြဲ အ ထုံး အ ဖွဲ့ ဖြစ် ရ မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible17 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကိုမစားရဟု ထာဝရပညတ်တော်ဖြစ်သည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။
ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။