ဝတ်ပြု 27:8 - မြန်မာ့စံမီသမ္မာကျမ်း8 ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ Ver CapítuloCommon Language Bible8 ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။ Ver CapítuloGarrad Bible8 အ ကယ်၍ သ စ္စာ ဝတ် ထား သော သူ သည် သင် ပြတ် သည့် အ တိုင်း မ ပေး နိုင် အောင် ဆင်း ရဲ လျှင်၊ ဝ တ္တု ဖြစ် သူ့ ကို ပ ရော ဟိတ် ထံ ခေါ် သွင်း စေ။ ပ ရော ဟိတ် လည်း ပေး နိုင် သည် နှင့် အ မျှ ပြတ် စေ။ Ver CapítuloJudson Bible8 သင်အဖိုးဖြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာကတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဖိုးဖြတ်ရမည်။ Ver Capítulo |
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။