Biblia Todo Logo
La Biblia Online
- Anuncios -




ဝတ်​ပြု 26:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် သင်​တို့​ကို ကြည့်ရှု​မည်​။ သင်​တို့​ကို တိုးပွား​များပြား​စေ​မည်​။ သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။

Ver Capítulo Copiar

Common Language Bible

9 ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။-

Ver Capítulo Copiar

Garrad Bible

9 ငါ သည် သင် တို့ အား မျက် နှာ သာ ပေး လျက် များ ပြား စွာ မွေး ဖွား စေ သည့် ပြင် သင် တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် အ တိုင်း ပြု မည်။

Ver Capítulo Copiar

Judson Bible

9 သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။

Ver Capítulo Copiar




ဝတ်​ပြု 26:9
31 Referencias Cruzadas  

ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။


ဣရှမေလ​အတွက် သင်​လျှောက်​သော​အရာ​ကို​လည်း ငါ​ကြား​ရ​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သူ့​ကို​ကောင်းချီးပေး​မည်​။ သူ့​ကို​ပွားများ​စေ​၍ အလွန့်အလွန်​တိုးပွား​စေ​မည်​။ သူ​သည် ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ပါး​တို့​၏​ဖခင် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သူ့​ကို​ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။


ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။


ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​များပြား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​အား ဤ​မြေ​ရှိသမျှ​တို့​ကို ပေး​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။


သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။


သင်​သည် လူမျိုးကြီး​ဖြစ်လာ​သည့်​တိုင်အောင် အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင့်​ကို​ကောင်းချီးပေး​၍ သင့်​ကို တိုးပွား​များပြား​စေ​တော်မူ​ပါစေသော​။


‘​ငါ​သည် သင့်​ကို တိုးပွား​များပြား​စေ​၍ လူမျိုးကြီး​ဖြစ်​စေ​မည်​။ ဤ​ပြည်​ကို နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​၏​။


သို့သော် ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​၌​တည်​စေ​မည်​။ သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ရ​မည်​။


ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​လူမျိုး​၊ မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များပြား​သော​လူမျိုး​ကြီး​အလယ်​တွင် ရှိ​နေ​ပါ​၏​။


သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကြောင့် သူ​တို့​ကို သနားစုံမက်​၍ ကြည့်ရှု​တော်မူ​၏​။ သူ​တို့​ကို မ​ဖျက်ဆီး​လို​သောကြောင့် ယနေ့​တိုင်အောင် သူ​တို့​ကို ရှေ့​တော်​မှ မ​ဖယ်ရှား​ဘဲ​နေ​တော်မူ​၏​။


ငါ​က​လည်း သူ​တို့​အား “​ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် ငါ​တို့​အား အောင်မြင်​ခွင့်​ကို ပေး​တော်မူ​မည်​။ ကိုယ်တော်​၏​အစေအပါး​များ​ဖြစ်​သော​ငါ​တို့​သည် ထ​၍ ပြန်လည်​တည်ဆောက်​ခြင်း​အမှု​ကို ပြု​မည်​။ သင်​တို့​မူကား ဂျေရုဆလင်​မြို့​တွင် သင်​တို့​အဖို့ မည်သည့်​ဝေစု​၊ မည်သည့်​အခွင့်အရေး​၊ မည်သည့်​အမှတ်ရစရာ​မျှ မ​ရှိ​”​ဟု ဆို​လေ​၏​။


သူ​တို့​၏​သားမြေး​များ​ကို မိုးကောင်းကင်​ကြယ်​ကဲ့သို့ များပြား​စေ​တော်မူ​၏​။ ဘိုးဘေး​တို့​ဝင်ရောက်​ပိုင်ဆိုင်​ရန် ကိုယ်တော်​မိန့်မှာ​သည့်​ပြည်​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။


“​ငါ​ရွေးချယ်​သော​သူ​နှင့် ငါ​ပဋိညာဉ်​ဖွဲ့​ပြီ​။ ငါ​၏​အစေအပါး​ဒါဝိဒ်​အား ငါ​ကျိန်ဆို​ထား​ပြီ​။


သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။


ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။


ဧည့်သည်​အဖြစ် သူ​တို့​တည်းခိုနေထိုင်​ခဲ့​သည့်​ပြည်​တည်းဟူသော ခါနာန်​ပြည်​ကို သူ​တို့​အား​ပေး​ရန် ငါ​၏​ပဋိညာဉ်​ကို သူ​တို့​၌ ငါ​တည်​စေ​ပြီ​။


ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။


“​ကြွင်းကျန်​သော ငါ​၏​သိုးစု​ကို ငါ​နှင်ထုတ်​ရာ​အရပ်ရပ်​မှ ငါ​စုသိမ်း​မည်​။ သူ​တို့​၏​စားကျက်မြေ​သို့ သူ​တို့​ကို ပြန်ခေါ်​လာ​မည်​။ သူ​တို့​သည် တိုးပွား​များပြား​ကြ​လိမ့်မည်​။


သူ​တို့​ကို ထိန်းကျောင်း​မည့်​သိုးထိန်း​များ​ကို ငါ​ခန့်ထား​မည်​။ သူ​တို့ ကြောက်ရွံ့​ထိတ်လန့်​ရ​တော့​မည်​မ​ဟုတ်​။ ပျောက်ဆုံး​ခြင်း​လည်း​ရှိ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။


ဤသို့ဖြင့် သင်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ငါ​တည်​စေ​သဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။


ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​မည်​။ သင်​တို့​ထံ ပြန်လှည့်​လာ​မည်​။ သင်​တို့​ပေါ်တွင် ထွန်ယက်​စိုက်ပျိုး​မည်​။


ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို စွန့်ပယ်​လျှင်​၊ သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို ရွံရှာ​၍ ငါ​၏​ပညတ်တော်​ရှိသမျှ​တို့​ကို မ​လိုက်နာ​ဘဲ ငါ​၏​ပဋိညာဉ်​ကို​ချိုးဖောက်​လျှင်


ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။


ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။


သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​များ​ဖြစ်​သည့် သင့်​နွား​သားပေါက်​များ​၊ သင့်​သိုးဆိတ်​သားပေါက်​များ​သည် ကောင်းချီးခံစား​ရ​မည်​။


ကိုယ်တော်​သည် သင့်​ကို​ချစ်​မည်​။ ကောင်းချီးပေး​မည်​။ တိုးပွား​စေ​မည်​။ ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​မှစ၍ မြေထွက်​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။


ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos