ဝတ်ပြု 26:19 - မြန်မာ့စံမီသမ္မာကျမ်း19 ငါသည် သင်တို့၏မာနတန်ခိုးကိုချိုး၍ သင်တို့၏မိုးကောင်းကင်ကို သံကဲ့သို့လည်းကောင်း၊ သင်တို့၏မြေကို ကြေးဝါကဲ့သို့လည်းကောင်း ဖြစ်စေမည်။ Ver CapítuloCommon Language Bible19 သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။- Ver CapítuloGarrad Bible19 တန် ခိုး ဆိုင် ရာ မာ န ကို ချိုး ဖျက်၍ မိုး ပြင် ကို သံ ကဲ့ သို့ လည်း ကောင်း၊ မြေ ပြင် ကို ကြေး ကဲ့ သို့ လည်း ကောင်း ဖြစ် စေ သ ဖြင့်၊ Ver CapítuloJudson Bible19 သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုးကောင်းကင်ကိုသံကဲ့သို့လည်းကောင်း၊ မြေကြီးကိုကြေးဝါကဲ့သို့လည်းကောင်း၊ ငါဖြစ်စေသဖြင့်၊ Ver Capítulo |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။