ဝတ်ပြု 24:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။ Ver CapítuloGarrad Bible11-12 နာ မ တော် ကို တိုင်း ထွာ ဆဲ ရေး သ ဖြင့် ထို သူ့ ကို မော ရှေ ထံ ခေါ် သွင်း ကြ ပြီး လျှ င၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် စီ ရင် ချက် ကို ခံ ရန် အ ကျဉ်း ထား ကြ၏။ အ မိ အ မည် ကား၊ ဒန့် အ နွယ်၊ ဒိ ဗ ရိ သ မီး ရှေ လော မိတ် တည်း။ Ver CapítuloJudson Bible11 နာမတော်ကိုပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီးရှေလောမိတ် ဖြစ်သတည်း။ Ver Capítulo |
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။