ဝတ်ပြု 23:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။ Ver CapítuloGarrad Bible2 ငါ ထာ ဝ ရ ဘု ရား ချိန်း ချက် သည့် အ လျောက် သင် တို့ ကြော် ငြာ ရ သော ဓမ္မ အ စည်း အ ဝေး များ ၏ အ ခါ သ မ ယ တော် များ ကား၊ ဤ သို့ တည်း ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။ Ver CapítuloJudson Bible2 သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ Ver Capítulo |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။