ဝတ်ပြု 23:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့ပူဇော်မည့်မုန့်ဖြစ်စေ၊ သီးနှံအခြောက်ဖြစ်စေ၊ သီးနှံအစိုဖြစ်စေ သင်တို့၏ဘုရားသခင်ထံသို့ ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည့်နေ့မရောက်မချင်း မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ Ver CapítuloCommon Language Bible14 ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။ Ver CapítuloGarrad Bible14 ဆို ခဲ့ သော နေ့၊ သင် တို့ ဘု ရား သ ခင်၏ အ လှူ ဒါ န ကို မ တင် မ သွင်း မ ချင်း ပေါင် မုန့်၊ မုန့် ဆန်း၊ အ သီး မည် သည် ကို မျှ မ စား ကြ ရ။ သင် တို့ နေ ရာ အ ရပ် ရပ်၌ အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် ဖြစ် သ တည်း။ Ver CapítuloJudson Bible14 သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ Ver Capítulo |
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။