ဝတ်ပြု 21:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သူတို့ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ သူတို့ဘုရားသခင်အဖို့ စားဖွယ်ရာဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို ပူဇော်ရသောသူများဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းခြင်းရှိကြရမည်။ Ver CapítuloCommon Language Bible6 သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။- Ver CapítuloGarrad Bible6 သူ တို့ ဘု ရား သ ခင့် အ ဖို့ သီး သန့် သ ဖြင့် နာ မ တော် ကို မ ညှိုး မ ပုပ် စေ ကြ ရ။ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ၊ သူ တို့ ဘု ရား သ ခင် ဆိုင် ရာ အ စာ အာ ဟာ ရ ကို ဆက် ကပ် လေ့ ရှိ သော ကြောင့် သန့် ရှင်း လျက် နေ ကြ ရ မည်။ Ver CapítuloJudson Bible6 သူသည် မိမိဘုရားသခင်အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။ Ver Capítulo |
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။