ဝတ်ပြု 19:14 - မြန်မာ့စံမီသမ္မာကျမ်း14 နားမကြားသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူ၏ရှေ့၌ ခလုတ်တံသင်းကိုမထားရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ Ver CapítuloCommon Language Bible14 နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။ Ver CapítuloGarrad Bible14 နား ပင်း သူ့ ကို ဆဲ ဆို ခြင်း၊ မျက် မ မြင် ရှေ့ ခ လုတ် ထား ခြင်း မ ပြု ရ။ သင့် ဘု ရား သ ခင် ကြောင့် ကြောက် ရွံ့ လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ Ver CapítuloJudson Bible14 နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ Ver Capítulo |
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။