ဝတ်ပြု 14:9 - မြန်မာ့စံမီသမ္မာကျမ်း9 ခုနစ်ရက်မြောက်သောနေ့၌ သူသည် မိမိအမွေးရှိသမျှကိုရိတ်ရမည်။ မိမိ၏ဆံပင်၊ မုတ်ဆိတ်မွေးနှင့် မျက်ခုံးမွေးတို့မှစ၍ အမွေးရှိသမျှတို့ကို ရိတ်ရမည်။ မိမိအဝတ်ကိုလျှော်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။ Ver CapítuloCommon Language Bible9 သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။ Ver CapítuloGarrad Bible9 ခု နစ် ရက် မြောက် သော နေ့ ၌ ဆံ၊ မုတ် ဆိတ်၊ မျက် ခုံး မွေး မှ စ သော အ မွေး ရှိ သ မျှ ရိတ် ခြင်း၊ အ ဝတ် လျှော် ခြင်း၊ ရေ ချိုး ခြင်း များ ကို ထပ် မံ ပြု လျက် သန့် ရာ ရောက် လိမ့် မည်။ Ver CapítuloJudson Bible9 သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုံးမွေးအစရှိသော ကိုယ်မွေးရှိသမျှကိုရိတ်၍၊ မိမိအဝတ်ကိုလျှော်ပြီးမှ၊ ရေချိုး၍စင်ကြယ်ရ၏။ Ver Capítulo |