ဝတ်ပြု 13:34 - မြန်မာ့စံမီသမ္မာကျမ်း34 ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ယားနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိ၊ အရေပြားအောက်ရောက်နေဟန်လည်း မရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ သူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။ Ver CapítuloCommon Language Bible34 သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။- Ver CapítuloGarrad Bible34 ခု နစ် ရက် မြောက် သော နေ့ တစ် ဖန် ရှု ကြည့် ရာ အ ရေ၌ ပွေး နာ မ တိုး၊ အ ရေ ထက် မ နက် ကြောင်း ထင် မြင် လျှင် သန့် သည် ဟု ဖော် ပြ ရ မည်။ အ ဝတ် ဖွပ် လျှော် ပြီး မှ သန့် လိမ့် မည်။ Ver CapítuloJudson Bible34 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အရေ၌အနာမတိုးပွား၊ အရေအောက်၌မစွဲလျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။ Ver Capítulo |
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။