ဝတ်ပြု 11:40 - မြန်မာ့စံမီသမ္မာကျမ်း40 ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ Ver CapítuloCommon Language Bible40 ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ Ver CapítuloGarrad Bible40 စား မိ သော သူ မူ ကား၊ အ၀တ် ဖွပ် လျှော် ၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ ဆောင် သွား သော သူ လည်း အ ဝတ် ဖွပ် လျှော် ၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ Ver CapítuloJudson Bible40 ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ Ver Capítulo |
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။