ဝတ်ပြု 10:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့အပေါ် ထာဝရဘုရား၏ဘိသိက်ဆီ သွန်းလောင်းထားသည်ဖြစ်၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ သင်တို့ မထွက်သွားရ။ ထွက်သွားလျှင် သင်တို့ သေကြရလိမ့်မည်”ဟု ဆို၏။ သို့ဖြစ်၍ မောရှေ၏စကားအတိုင်း သူတို့ပြုကြ၏။ Ver CapítuloCommon Language Bible7 သင်တို့ကားထာဝရဘုရား၏သိက္ခာတင် ဆီလောင်း၍ ဆက်ကပ်ထားသူများဖြစ်သော ကြောင့် သင်တို့သည်တဲတော်တံခါးမှထွက် ခွာမသွားရ။ ထွက်ခွာသွားလျှင်သင်တို့သေ ရမည်'' ဟုဆိုလေ၏။ သူတို့သည်မောရှေ မှာကြားသည့်အတိုင်းလိုက်နာကြလေသည်။ Ver CapítuloGarrad Bible7 သင် တို့ မှာ မူ ထာ ဝ ရ ဘု ရား ၏ ဘိ သိက် ဆီ သွန်း ခြင်း ကို ခံ ပြီး ဖြစ် သော ကြောင့် သေ မည် စိုး ၍ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ မှ မ ထွက် ရ ကြ ဟု မော ရှေ မိန့် ချက် အ တိုင်း လိုက် နာ ကြ ၏။ Ver CapítuloJudson Bible7 သင်တို့သေမည်ကို စိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာတံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏။ Ver Capítulo |
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။