ဝတ်ပြု 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 ငှက်ကို အတောင်ပံမှ ဆွဲဖြဲရမည်။ နှစ်ပိုင်းမပြတ်စေရ။ ယဇ်ပုရောဟိတ်သည် ၎င်းကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။ Ver CapítuloCommon Language Bible17 သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ Ver CapítuloGarrad Bible17 အ ကောင် ကို မ ခွဲ ဘဲ တောင် ပံ ကို ဆွဲ ဖြတ် ခြင်း ပြု ပြီး မှ ပ လ္လင် တော် ထက် ရှိ မီး ထင်း ပေါ် တွင် ပူ ဇော် ရ မည်။ ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ၊ မီး ရှို့ ရာ သ က္ကာ ဖြစ် သ တည်း။ Ver CapítuloJudson Bible17 အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။ Ver Capítulo |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်