လုကာ 9:54 - မြန်မာ့စံမီသမ္မာကျမ်း54 တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။ Ver CapítuloCommon Language Bible54 ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။ Ver CapítuloGarrad Bible54 တ ပည့် တော် ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ သိ မြင် သော် အ ရှင် ဘု ရား၊ ကောင်း ကင် မှ မီး ကျ၍ သူ တို့ ကို ကျွမ်း လောင် ရန် တ ပည့် တော် တို့ ဓိ ဋ္ဌာန် စေ လို တော် မူ သ လော ဟု မေး လျှောက် ကြ သော်၊ Ver CapítuloJudson Bible54 ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း54 တပည့်တော်များဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် ထိုအခြင်းအရာကို မြင်ကြသော် “သခင်… အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်ကျွမ်းစေရန် အလိုရှိတော်မူသလော” ဟု မေးလျှောက်ကြ၏။ Ver Capítuloမြန်မာ54 ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ Ver Capítulo |
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။