လုကာ 9:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။ Ver CapítuloCommon Language Bible33 ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။ Ver CapítuloGarrad Bible33 မည် သို့ လျှောက် မှန်း ကို မ သိ ဘဲ ပေ တ ရု က သ ခင်၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ ကိုယ် တော် ဖို့ တစ် ဆောင်၊ မော ရှေ ဖို့ တစ် ဆောင်၊ ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ ရ စေ ဟု ယေ ရှု အား လျှောက် ထား စဉ်၊ Ver CapítuloJudson Bible33 ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း33 ယေရှုထံမှ မောရှေနှင့် ဧလိယတို့ထွက်ခွာချိန်တွင် ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ အကျွန်ုပ်တို့သည် သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါရစေ” ဟု မိမိအဘယ်အရာပြောဆိုသည်ကို မသိဘဲ လျှောက်ဆိုလေ၏။ Ver Capítuloမြန်မာ33 ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- Ver Capítulo |