လုကာ 7:29 - မြန်မာ့စံမီသမ္မာကျမ်း29 (အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။ Ver CapítuloCommon Language Bible29 လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။- Ver CapítuloGarrad Bible29 ပြည် သူ ပြည် သား ရှိ သ မျှ နှင့် အ ခွန် ကောက် တို့ သည် ကြား နာ၍ ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ ကို ခံ သ ဖြင့် ဘု ရား သ ခင် ဖြောင့် မှန် တော် မူ ကြောင်း ဝန် ခံ ရာ ရောက် ကြ ၏။ Ver CapítuloJudson Bible29 အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း29 အခွန်ကောက်သူများမှစ၍ လူအပေါင်းတို့သည် ဤတရားစကားကို ကြားသောအခါ ဘုရားသခင်၏ တရားတော်သည် မှန်ကန်ကြောင်း ဝန်ခံကြ၏။ ထိုသူတို့သည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သူများဖြစ်ကြ၏။ Ver Capítuloမြန်မာ29 အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။ Ver Capítulo |
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။