လုကာ 6:43 - မြန်မာ့စံမီသမ္မာကျမ်း43 မကောင်းသောအသီးကိုသီးသော ကောင်းသည့်အပင်မရှိ။ ကောင်းသောအသီးကိုသီးသော မကောင်းသည့်အပင်လည်းမရှိ။ Ver CapítuloCommon Language Bible43 ``အပင်ကောင်းသည်အသီးညံ့ကိုမသီးနိုင်။ ညံ့သောအပင်သည်အသီးကောင်းကိုမသီးနိုင်။- Ver CapítuloGarrad Bible43 မ ကောင်း သော အ သီး ကို သီး သည့် အ ပင် ကောင်း အ လျှင်း မ ရှိ။ အ သီး ကောင်း သီး သည့် မ ကောင်း သော အ ပင် လည်း အ လျှင်း မ ရှိ။ Ver CapítuloJudson Bible43 မကောင်းသောအသီးကို သီးသောအပင်ကား၊ ကောင်းသောအပင် မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင် မဟုတ်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း43 ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။ Ver Capítuloမြန်မာ43 မကောင်းသောအသီးကို သီးသောအပင်ကား၊ ကောင်းသောအပင် မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင် မဟုတ်။- Ver Capítulo |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
သင်သည် မိမိမျက်စိထဲမှ သစ်တုံးကိုမမြင်ဘဲ ‘ညီအစ်ကို၊ သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု သင့်ညီအစ်ကိုအား မည်သို့ပြောနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။