လုကာ 6:36 - မြန်မာ့စံမီသမ္မာကျမ်း36 သင်တို့၏အဖသည် ကရုဏာနှင့်ပြည့်စုံတော်မူသည့်နည်းတူ သင်တို့သည်လည်း ကရုဏာနှင့်ပြည့်စုံကြလော့။ Ver CapítuloCommon Language Bible36 သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။ Ver CapítuloGarrad Bible36 ကြီး မြတ် သော အ ကျိုး ဆက် ခံ ရ ကြ လ တ္တံ့။ သင် တို့ အ ဘ သည် က ရု ဏာ သက် တော် မူ သည့် နည်း တူ သင် တို့ လည်း သက် ကြ လော့။ Ver CapítuloJudson Bible36 ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း36 သင်တို့၏အဖသည် သနားကြင်နာတော်မူသည့်အတိုင်း သင်တို့သည်လည်း သနားကြင်နာကြလော့။ Ver Capítuloမြန်မာ36 ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။ Ver Capítulo |
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။