လုကာ 5:17 - မြန်မာ့စံမီသမ္မာကျမ်း17 တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။ Ver CapítuloCommon Language Bible17 တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။- Ver CapítuloGarrad Bible17 တစ် နေ့ သ၌ ဒေ သ နာ ပေး တော် မူ စဉ် ဂါ လိ လဲ နယ်၊ ယု ဒ နယ် မြို့ ရွာ ရှိ သ မျှ နှင့် ယေ ရှု ရှ လင် မြို့ မှ ရောက် လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း ဆ ရာ တို့ ထိုင် နေ ကြ ရာ အ နာ ရော ဂါ ကင်း ပျောက် စေ ရန် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် သည် ကိုယ် တော်၌ ရှိ ၏။ Ver CapítuloJudson Bible17 တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။ Ver Capítuloမြန်မာ17 တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- Ver Capítulo |