လုကာ 24:19 - မြန်မာ့စံမီသမ္မာကျမ်း19 ကိုယ်တော်ကလည်း“မည်သည့်အရာများနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။ Ver CapítuloCommon Language Bible19 ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။- Ver CapítuloGarrad Bible19 မည် သည့် အ ဖြစ် အ ပျက် နည်း ဟု မေး တော် မူ ပြန် သော် ဘု ရား သ ခင့် ရှေ့၊ ပြည် သူ ပြည် သား တို့ ရှေ့၊ လက် သ တ္တိ နှုတ် သ တ္တိ နှင့် ပြည့် စုံ သော ပ ရော ဖက် ဖြစ် သူ နာ ဇ ရက် မြို့ သား ယေ ရှု အ ကြောင်း၊ Ver CapítuloJudson Bible19 ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထိုအခါ ယေရှုက “မည်သည့်အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “နာဇရက်မြို့သားယေရှုဆိုသောသူ၏အကြောင်းအရာများဖြစ်၏။ ထိုသူသည် ဘုရားရှေ့၊ လူရှေ့တွင် အံ့ဖွယ်တန်ခိုးလက္ခဏာကိုပြု၍ နှုတ်သတ္တိရှိသော ပရောဖက်တစ်ပါးဖြစ်၏။ Ver Capítuloမြန်မာ19 ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- Ver Capítulo |
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။