လုကာ 20:46 - မြန်မာ့စံမီသမ္မာကျမ်း46 “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။ Ver CapítuloCommon Language Bible46 ``ကျမ်းတတ်ဆရာတို့ကိုသတိနှင့်ရှောင်ကြ လော့။ သူတို့သည်ဝတ်လုံများကိုဝတ်၍ပလွှား သွားလာလိုကြ၏။ စျေးရပ်ကွက်တွင်အလေး ပြုခြင်းကိုခံလိုကြ၏။ တရားဇရပ်များတွင် သီးသန့်ထားသောနေရာများကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများကိုလည်းကောင်းနှစ်သက်ကြ၏။- Ver CapítuloGarrad Bible46 ကျမ်း တတ် ဆ ရာ တို့ ကို ကြဉ် ရှောင် ကြ လော့။ ထို သူ တို့ သည် ဝတ် လုံ ဆင် လျက် သွား လာ လို ၍ စျေး များ တွင် နှုတ် ဆက် ခံ ခြင်း၊ ဓမ္မာ ရုံ များ၊ ပွဲ လမ်း သ ဘင် များ တွင် မြင့် မြတ် သော နေ ရာ၌ ထိုင် ခြင်း ကို နှစ် သက် သည့် ပြင်၊ Ver CapítuloJudson Bible46 ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း46 “ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာနှုတ်ဆက်ခြင်းကို ခံလိုကြ၏။ ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း၊ ဧည့်ခံပွဲများတွင်လည်း အထူးခုံများ၌လည်းကောင်း ထိုင်လိုကြ၏။ Ver Capítuloမြန်မာ46 ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- Ver Capítulo |