လုကာ 2:15 - မြန်မာ့စံမီသမ္မာကျမ်း15 ကောင်းကင်တမန်တို့သည် သူတို့ထံမှ ကောင်းကင်သို့ပြန်တက်သွားကြသောအခါ သိုးထိန်းတို့က “ငါတို့သည်ဗက်လင်မြို့သို့သွား၍ ငါတို့အား ထာဝရဘုရားဖော်ပြတော်မူသောအရာကို ကြည့်ရှုကြကုန်စို့”ဟု အချင်းချင်းပြောဆိုကြ၏။ Ver CapítuloCommon Language Bible15 ကောင်းကင်တမန်များကောင်းကင်ဘုံသို့ပြန် သွားကြသောအခါသိုးထိန်းတို့က``ငါတို့ သည်ဗက်လင်မြို့သို့သွားကြကုန်အံ့။ ငါတို့ အားထာဝရဘုရားဖော်ပြတော်မူသော အခြင်းအရာကိုကြည့်ရှုကြကုန်အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။ Ver CapítuloGarrad Bible15 စေ တ မန် တော် တို့ သည် ကောင်း ကင် ဘုံ သို့ တက် သွား ကြ သော် သိုး ထိန်း တို့ က၊ ငါ တို့ သည် ဗက် လင် မြို့ ရောက် သွား၍၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သော ဤ အ ခြင်း အ ရာ ကို ကြည့် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို သည့် အ တိုင်း အ လျင် အ မြန် သွား လျက်၊ Ver CapítuloJudson Bible15 ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 ကောင်းကင်တမန်များသည် ကောင်းကင်ဘုံသို့ ပြန်တက်သွားကြသောအခါ သိုးထိန်းများက “ငါတို့သည် ဗက်လင်မြို့သို့ သွား၍ ငါတို့အား ထာဝရဘုရားဖော်ပြသောအကြောင်းအရာကို ကြည့်ရှုကြစို့” ဟု အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။ Ver Capítuloမြန်မာ15 ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- Ver Capítulo |