လုကာ 19:42 - မြန်မာ့စံမီသမ္မာကျမ်း42 “သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။ Ver CapítuloCommon Language Bible42 ကိုယ်တော်က ``အချင်းမြို့၊ သင်သည်ငြိမ်းချမ်း သာယာမှုကိုရစေသည့်လမ်းကိုယနေ့သိ မြင်လျှင်မင်္ဂလာရှိ၏။ သို့ရာတွင်ထိုလမ်းကို သင်သည်မသိမမြင်နိုင်။- Ver CapítuloGarrad Bible42 အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။ Ver CapítuloJudson Bible42 အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း42 “အသင်မြို့တော်… သင်၏ငြိမ်းချမ်းသာယာမှုကို ဖြစ်စေသည့်အရာများကို ယနေ့ပင် သင်သည် သိမြင်ခဲ့ပါက မင်္ဂလာရှိ၏။ သို့သော် ယခုမှာမူ ထိုအရာများကို သင်၏မျက်စိရှေ့မှ ဝှက်ထားလျက်ရှိ၏။ Ver Capítuloမြန်မာ42 အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။