လုကာ 12:11 - မြန်မာ့စံမီသမ္မာကျမ်း11 လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ Ver CapítuloCommon Language Bible11 ``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။- Ver CapítuloGarrad Bible11 သို့ ရာ တွင် ဓ မ္မာ ရုံ အုပ် များ၊ အ ရာ ရှိ များ၊ အာ ဏာ ပိုင် များ ရှေ့ ဆွဲ ငင် ခံ ရ ကြ သည့် ကာ လ၊ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ထု ချေ ရ မည့်၊ မည် သို့ ဆင် ခြေ တက် ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ လင့်။ Ver CapítuloJudson Bible11 သင်တို့ကို တရားဇရပ်သို့လည်းကောင်း၊ အကဲအမှူး၊ မင်းများရှေ့သို့လည်းကောင်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ Ver Capítuloမြန်မာ11 သင်တို့ကို တရားဇရပ်သို့လည်းကောင်း၊ အကဲအမှူး၊ မင်းများရှေ့သို့လည်းကောင်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။- Ver Capítulo |
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလိမ့်မည်။ အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ပြီး တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။
သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။